သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၊ ပထမနှစ်ဘီဒီအက်စ်(၁၂/၂၀၁၉)သင်တန်း ကျောင်းသားကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁.၁.၂၀၂၀) ရက်နေ့ နံနက် (၈:၃၀)နာရီက အဆိုပါတက္ကသိုလ်၊ ရွှေရတုခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်ဌာနမှူးများက ဆုရကျောင်းသား၊ကျောင်းသူ (၈၂)ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။