unicode versoin
အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာသုတေသနအဖွဲ့ မြန်မာနိုင်ငံအဖွဲ့ခွဲ (IADR Myanmar Section)၏ အစီအစဉ်ဖြင့် သွားဘက်ဆိုင်ရာဆေးပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် သွားဘက်ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရေး ဟောပြောပွဲကို ၂၂.၆.၂၀၁၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှ နေ့လယ် (၃း၀၀) နာရီ အထိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၊ ‘ဌေး’ ခန်းမ၌ ကျင်းပပြုလုပ်ရာ National University of Singapore မှ Dr. Chaminda Jayampath Seneviratne က Oral Biofilms; Research and Publications ခေါင်းစဉ်တို့ဖြင့် လာရောက် ဟောပြောခဲ့ပြီး ဆရာ/ဆရာမများ၊ ဘွဲ့လွန် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြ ပါသည်။







