ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ စီမံကိန်း တစ်စိတ်တစ်ဒေသအဖြစ် သွားဘက်ဆိုင်ရာဆေးပညာ စဉ်ဆက်မပြတ် ပြန့်ပွားရေး (CDE Programme) ဟောပြောပွဲကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၊ ‘ဌေး’ ခန်းမ၌ ၇.၇.၂၀၁၅ (အင်္ဂါနေ့) နေ့လယ် (၁း၀၀) နာရီမှ (၃း၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံမှ Professor TAKESHI UCHIDA ဦးဆောင်သော ပညာရှင် (၃)ဦးက CAD/CAM Technology ခေါင်းစဉ်ဖြင့် လာရောက်ဟောပြောခဲ့ပြီး ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာဝန်များ၊ ဘွဲ့လွန် သင်တန်းသား/သူများ၊ သွားတုသင်တန်းကျောင်းမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။











