OKAYAMA University မှ Professor Seiji Iida နှင့် Senior Assistant Professor Nobuyoshi Mizukawa တို့သည် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါက်တာဦးကျော်စိုးလ်ိုက်ပါလျက် (၁၀.၇.၂၀၁၅) ရက်နေ့ နံနက် (၉း၃၀) နာရီက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်သို့ လာရောက်၍ ပါမောက္ခချုပ်ပါမောက္ခဒေါက်တာရွှေတိုးဦးဆောင်သော ဆေးလက်တွေ့ ဌာနမှူးများနှင့် တွေ့ဆုံပြီး ပညာရပ်ဆ်ိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြပါသည်။



